ဂျိမ်းဂျွိုက်စ်(James Joyce)

ဂျိမ်းဂျွိုက်စ်

 

၂ဝရာစုနှစ်ရဲ့ အကျော်ကြားဆုံးသော စာရေးဆရာကြီး ဂျိမ်းဂျွိုက်စ်ကို ၁၈၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဂျွိုက်စ်ဟာ အသက် ၅၈နှစ်အရွယ် ၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဝတ္ထုရေးဆရာ၊ ကဗျာဆရာဖြစ်တဲ့ ဂျွိုက်စ်ဟာ မော်ဒန် (Mordernism) နှင့် ပုံရိပ် (Imagism) ဝါဒီတစ်ယောက်ဖြစ်ပါတယ်။ ဂျိမ်းဩော်ဂတ်စတင်းအလွိုင်းစစ်ဂျွိုက်စ် (James Augustine Aloysius Joyce) (၁၈၈၂ ဖေဖော်ဝါရီ ၂ ရက် - ၁၉၄၁ ဇန်နဝါရီ ၁၃ ရက်) ဟာ နာမည်ကျော် အိုင်ယာလန်စာရေးဆရာကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀ ရာစုနှစ်ရဲ့ ဩဇာအာဏာ အလွှမ်းမိုးဆုံး စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ယူလီဆီး (၁၉၂၂) Ulysses ဟာ သူ့ရဲ့ အကျော်ကြားဆုံးသော ဝတ္ထုရှည်ကြီးဖြစ်ခဲ့ပြီး ဖင်နီဂန်ဝိတ် (၁၉၃၉) Finnegans Wake ဟာ သူ့ရဲ့ အမြင့်မားဆုံးသော စာပေလက်ရာတစ်ခုဖြစ်ပါတယ်။ ဝတ္ထုတိုများအနေဖြင့် ဒပ်ဘလင်မြို့သားများ(၁၉၁၄) Dubliners နှင့် ကိုယ်တိုင်ရေးအတ္ထုပတ္တိဖြစ်တဲ့ အနုပညာသမားလူငယ်တစ်ယောက်၏ ပုံတူ(၁၉၁၆) A Portrait of the Artist as a Young Man တို့ဟာလည်း ထင်ရှားကျော်ကြားလှပါတယ်။

0 ဝေဖန်ထားပါတယ်။ :

Post a Comment

Fontေ၇ွးရန်